ဗားရိက် အင်စတီကျုမြန်မာ

ဗားရိက် အင်စတီကျု မြန်မာသည် ဘာသာစကားလေ့လာတတ်မြောက်ရေးနှင့် ပညာရေးဆိုင်ရာကဏ္ဍများအတွက် ပညာသင် အင်စတီကျုတစ်ခုဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်များတိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် မြန်မာနိုင်ငံတွင်း လူသားအရင်းအမြစ် တိုးတက်လာစေရေးအတွက် အထူးပြုလုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဗားရိက်မြန်မာအင်စတီကျုအား ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ကာ လုပ်ငန်းများ စတင်လုပ်ကိုင်နေခဲ့ပြီး ရန်ကုန်မြို့တွင် အခြေစိုက်ထားပါသည်။ ဗားရိက် အင်စတီကျု မြန်မာသည် ပညာရေး၊ ပညာသင်ဆုနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် နယ်ပယ်များစွာတွင် မြန်မာကျောင်းသားများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် အဆင့်မြင့် အထူးပြုအဖွဲ့များဖြင့် လုပ်ဆောင်လျက်ရှိသည်။