ပညာရေးလမ်းကြောင်း

ကျွန်ုပ်တို့ Bareq Myanmar သည် အကြောင်းအမျိုးမျိုးကြောင့် အစိုးရကျောင်းများအားတက်ရောက်ရန် ခက်ခဲလျက်ရှိနေသောလူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပြီး ၎င်းတို့၏အခြေခံလိုအပ်ချက်များဖြစ်သည့် ပြဌာန်းစာအုပ်များနှင့် အခြားစာရေးကိရိယာများကို ပံ့ပိုးပေးလျက်ရှိကာ  မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ဒေသများရှိ အခြေခံပညာသင်ကြားရန်ခက်ခဲလျှက်ရှိနေသော ငယ်ရွယ်သောလေ့လာသင်ယူသူများအတွက် ပညာရေးဆိုင်ရာစွမ်းရည်များတိုးတက်ရရှိလာစေရန်သာမက အလုပ်အကိုင်အခွင့်အလမ်းများလည်းဖန်တီးပေးနိုင်ရန် သီးသန့်စာသင်အတန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါသည်။