အာရဗီ

Bareq Arabic Program သည် အရဗီဘာသာအား မိခင်ဘာသာစကားအဖြစ် မပြောသူများအတွက် အရဗီဘာသာစကားအားလေ့လာသင်ယူနိုင်စေပြီး ခေတ်မီ စံ အရဗီဘာသာစကားအား သင်ယူရန်နှင့် ကျွမ်းကျင်မှုကိုမြှင့်တင်ရန် အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေရန် ဖွင့်လှစ်ထားသော သင်တန်းအစီအစဥ်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ပရိုဂရမ်တွင် သင်ယူသူများသည် အရဗီဘာသာစကားကို beginner အဆင့်မှ စတင်သင်ကြားရန် အခွင့်အရေးရှိပါသည်။ သင်ယူသူတိုင်းသည် ၎င်း၏စွမ်းရည်များနှင့် ယခင်အတွေ့အကြုံများအလိုက် အဆင့်အမျိုးမျိုးကို တက်လှမ်းသင်ယူလေ့လာနိုင်ပါသည်။ ကျွန်ုပ်တို့၏ ပရိုဂရမ်သည် သင်ယူသူများအား အရဗီဘာသာဖြင့် နားထောင်ခြင်း၊ ပြောခြင်း၊ ဖတ်ခြင်းနှင့် ရေးခြင်းတို့ လေ့ကျင့်မှုပြုလုပ်ပေးသည့် ကျွမ်းကျင်စေမှုကိုအခြေခံသော သင်ယူမှုပတ်ဝန်းကျင်တစ်ခုဖြစ်ပါသည်။ သဒ္ဒါနှင့် ဝေါဟာရများကို သင်ယူမှုကဏ္ဍတိုင်းတွင်ထည့်သွင်းထားသောကြောင့် သင်ယူသူများသည် သဘာဝကျသောပျော်ရွှင်ဖွယ်နည်းလမ်းများဖြင့် သင်ယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကာတွန်းများ၊ ဂိမ်းများ၊ သင်ယူမှု၌ အပြန်အလှန်အကျိုးသက်ရောက်စေသော သက်ဝင်လှုပ်ရှားအင်နီမေးရှင်းများအပြင်  လက်တွေ့ကျသောအပလီကေးရှင်းများမှတဆင့် ကျယ်ပြန့်သော ပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိများ၊ စာမေးပွဲများနှင့် လက်ကမ်းစာစောင်များစသည့် သင်ကြားရေးပစ္စည်းများစွာကို ပံ့ပိုးပေးပါသည်။ အရဗီဘာသာစာပေလေ့လာရေးလမ်းကြောင်းပေါ်တွင် လယ်ဗယ်အဆင့်လေးဆင့်ထားရှိပါသည်။ ယခင်က အရဗီဘာသာစကားကို သင်ယူမှုအတွေ့အကြုံမရှိဖူးသော်လည်း တက်ရောက်သူတိုင်း နားလည်လွယ် သိလွယ်တတ်လွယ်နိုင်စေရန် အဆင့်တိုင်းတွင် သင်ခန်းစာအကြီးငါးခုပါရှိပြီး စနစ်ကျသောစံအသံထွက်ဖြင့်စီစဉ်ထားသည့် သင်ခန်းစာကိုးခုအား အရဗီအက္ခရာမှစ၍ အဆင်မြင့်တန်းများထိ သင်ယူနိုင်စေရန် စီစဥ်ထားပါသည်။